Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ကုလားပဲ(မျိုးစုံ)

ယခုတစ်ပတ်အတွင်း ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၄၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၄၅၀၀)ကျပ်၊ 929  (၆၀၃၀၀) ကျပ်၊ ထိုင်ဝမ်တစ်တင်း(၅၉၃၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၅၉၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၅၉၀၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၆၀၀၀၀) ကျပ်၊ထိုင်ဝမ်တစ်တင်း၅၉၅၀၀ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(မျိုးစုံ) ဈေးနှုန်းများ မြင့်တက်လာကြောင်းသိရပါ သည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၀၅၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၁၈၀၀) ကျပ်ရှိ၍    ယခုတစ်ပတ်အတွင်းကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၅၀၀မှ၁၀၀၀ထိ) ကျပ် ကျဆင်းလာကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၉၅၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၈၅၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၁၀၀၀) ကျပ်ခန့် ဈေးမြင့်လာကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၀၀၀၀မှ၄၅၀၀၀ ကျပ်၊ ယခင်တစ်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၄၅၀၀၀ ကျပ် ရှိပါသည်။ ယခုတစ်ပတ်ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလာကြောင်းသိရပါသည်။

ပဲကြီး

ယခုတစ်ပတ်အတွင်း ပဲကြီးပေါက်ဈေးနှုန်းသည် တစ်တင်းလျှင် (၇၈၀၀၀-၈၀၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူပေါက်ဈေးနှုန်းအတိုင်း ဈေးငြိမ်နေကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊  ဆန်ပြောင်းဖြူ

ယခုတစ်ပတ်အတွင်းပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၉၀၀၀) ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ကာလတူအချိန် ပေါက်ဈေးမှာပြောပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၈၀၀၀) ကျပ်၊  ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ရှိ၍ ယခုတစ်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဆန်ပြောင်းဖြူမှာ ဈေးငြိမ်နေပြီး ၊ပြောင်းဖူးစေ့(စီပီ) ဈေးနှုန်း(၁၀၀၀)ကျပ်ခန့်မြင့်တက်လာပါသည်။ ထိုသို့မြင့်တက်လာရခြင်းမှာ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများမှ အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News